နေပြည်တော် ၂၄ ဩဂုတ်
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Motegi Toshimitsu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် လေကြောင်းခရီးဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ နေပြည်တော်သို့ ရောက်ရှိသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
သတင်းစဉ်


