ရန်ကုန်  ၂၇  မေ 

 

ဂျပန်နိုင်ငံမှ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ မိုင်းပျိုးကျေးရွာတွင် ပုဂံအမှတ်တရ ချည်ထည်များ (Cotton Bagan)အကြောင်း ရုပ်/သံ သတင်းမှတ်တမ်း ရိုက်ကူးသည်။

 

ထိုသို့ ရိုက်ကူးရာတွင် ချည်ဆိုးဆေးလုပ်ငန်း၊ ယက္ကန်းရက်လုပ်ငန်းများနှင့် အင်း လေးဒေသ ရှုခင်းများကို ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး မိတ္ထီလာမြို့နယ်၊ သဖန်းကျေးရွာတွင် အထည်ချုပ်လုပ်ပုံနှင့် ပုဂံ/ညောင်ဦးမြို့နယ်တွင် ချည်ထည်အရောင်းဆိုင်များကို မေလ (၃၁)ရက်အထိ ဆက်လက်ရိုက်ကူးမည်ဖြစ်သည်။

 

အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် မေလ ၂၅ ရက်က တောင်ကြီးမြို့တွင် ချည်ထည် လုပ်ငန်း တည်ထောင်သူ လူငယ်များနှင့် တွေ့ဆုံမေးမြန်းခန်း၊ တောင်ကြီးမြို့၏ ရှုခင်းများ ကို ရိုက်ကူးထားပြီးဖြစ်ကြောင်းနှင့် ၎င်းရုပ်သံ မှတ်တမ်းအစီအစဉ်ကို ဂျပန်နိုင်ငံ NHK World ရုပ်သံလိုင်း Asia Insight အစီအစဉ်တွင် ပြသရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

ge Upload 5212