ရန်ကုန်   စက်တင်ဘာ   ၁၃

 

ဂျပန်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ ခုနှစ်၊ အာရှသက်ငယ်တန်း အားကစားပြိုင်ပွဲ (Asia Junior Sports Exchange Games 2022)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအား ကစားအဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွား ကြသည်။

 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း ခေါင်းဆောင်သော မြန်မာအားကစားအဖွဲ့ကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့၌ အဖွဲ့ခေါင်းဆောင် အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယအဖွဲ့ ခေါင်းဆောင်အဖြစ် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီးတို့နှင့်အတူ ကြက်တောင်အားကစားနည်းမှ အုပ်ချုပ်သူ(၁)ဦး၊ နည်းပြ(၁)ဦး၊ အမျိုးသား အားကစား သမား(၃)ဦး၊ အမျိုးသမီး အားကစားသမား(၃)ဦး၊ စားပွဲတင်တင်းနစ် အားကစားနည်းမှ အုပ်ချုပ်သူ(၁)ဦး၊ နည်းပြ(၁)ဦး၊ အမျိုးသား အားကစားသမား (၃)ဦး၊ အမျိုးသမီး အားကစား သမား(၂)ဦး၊ Para Badminton ပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် နည်းပြ(၁)ဦး၊ အမျိုးသား အားကစားသမား (၁)ဦး၊ Para Table Tennis ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက်  နည်းပြ(၁)ဦးနှင့် အမျိုးသား အားကစားသမား(၁)ဦး  စုစုပေါင်း (၂၁)ဦး လိုက်ပါသွားကြောင်းနှင့် အာရှ သက်ငယ်တန်း အားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ (၂၀) ရက်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)