ဂျပန်နိုင်ငံတွင် ဒီဇင်ဘာ ၇ ရက်၌ ကိုဗစ်-၁၉ ကူးစက်ခံရသူနှင့် သေဆုံးသူအများဆုံးနေ့အဖြစ် စံချိန်တင်    

တိုကျို ဒီဇင်ဘာ ၈

 

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၇ ရက်တွင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူသစ် ၁၄၉၃၈၃ ဦးနှင့် ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၂၁၁ ဦးရှိကြောင်း အတည်ပြုဖော်ပြခဲ့သည်။ 

 

စက်တင်ဘာ အစောပိုင်းမှစကာ ကိုဗစ်-၁၉ ကူးစက်ခံရသူနှင့် သေဆုံးသူအများဆုံး  ဖြစ်ခဲ့သည်။ 

 

ဒီဇင်ဘာ ၇ ရက်တွင် ကိုဗစ်-၁၉ ကြောင့် နေမကောင်းဖြစ်သူ ၃၄၆ ဦး ရှိသည်။ ဒီဇင်ဘာ ၆ ရက်ထက် ၁၅  ဦးကျဆင်းခဲ့သည်။ ထို့အပြင် တိုကျို၌ ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၄၉၄၆ ဦးရှိသည်။ နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် လွန်ခဲ့သည့် သီတင်းပတ်ထက် ၅၄၇ ဦး မြင့်တက်ခဲ့သည်။ 

 

ထို့အပြင် တိုကျိုမြို့၌ ကိုဗစ်-၁၉ ဖြင့် ၁၀ ဦး ထပ်မံသေဆုံးခဲ့သည်။   ထို့အပြင် ကိုဗစ်-၁၉ ရောဂါ အပြင်းအထန်ခံစားနေရသူ ၁၉ ဦးရှိပြီး ဒီဇင်ဘာ ၆ ရက်ထက် နှစ်ဦး လျော့နည်းခဲ့သည်။ 

 

အင်န်အိတ်ချ်ကေ