စေတုတ္တရာ ၇ ဇူလိုင်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယနေ့နံနက် (၈) နာရီအချိန်က စေတုတ္တရာမြို့ အ.ထ.က ကျောင်းတွင် Grade-10 သင်ရိုးသစ်သင်တန်း တက်ရောက်နေသော ဆရာ/ဆရာမများအား ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး(EIM) အစီအစဉ်အရ (MFD)အက သရုပ်ပြဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (EIM) အစီအစဉ်အရ (MFD) ကိုယ်ကာယလှုပ်ရှား သရုပ်ပြဆောင် ရွက်ရာတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြ(နည်းစနစ်မှူး) ဒေါ်ခင်မို့မို့လွင်က ပညာပေး သရုပ်ပြဆောင်ရွက်ပေးရာ Grade-10 သင်ရိုးသစ် သင်တန်းတက်ရောက်နေသော ဆရာ/ ဆရာမ များက စိတ်ဝင်တစား ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါ ကိုယ်လက်လှုပ်ရှားအာကစားများ ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်စိုးလင်းက “မိမိတို့ဌာနအနေဖြင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး(EIM) အစီအစဉ်အရ (MFD) အကသရုပ်ပြ ဆောင်ရွက်ပေးခြင်းဖြင့် ဆရာ/ ဆရာမများအား ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားများ ပြုလုပ်ခြင်းကြောင့် လွတ်လပ် ပျော်ရွှင်မှုများကိုရရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း” ပြောကြားသည်။
မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် အချိန်တွင်လည်း ကျောင်းသား/သူများအား အားကစားဆိုင်ရာ အသိပညာပေးခြင်းများနှင့် ကိုယ်လက် လှုပ်ရှားဆေးတစ်ပါး(EIM) အစီအစဉ်အရ(MFD)သရုပ်ပြခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


