ပေါက်ခေါင်း ၂၂ ဇွန်
ပေါက်ခေါင်းမြို့ Green Future သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့သည် ယနေ့နံနက် ၇ နာရီအချိန်ခန့်က ပေါင်းစပါးကျေးရွာ လမ်းဘေးဝဲယာတလျောက်တွင် သစ်ပင်ပေါင်း ၃၀ဝ၀ ကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ Green Future အဖွဲ့နှင့် ကျေးရွာပြည်သူများ စုပေါင်း၍ ကျွန်း၊ မန်ဂျန်ရှား၊ ရေတမာ၊ မယ်ဇယ်၊ ပုန်းညက်၊ အသောက စသည့်အပင်များကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စုပေါင်းစိုက်ပျိုးခဲ့သည်။ ယခုစိုက်ပျိုးထားသည့် သစ်ပင်များ ပျက်စီးဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် လုပ်ငန်းများကို ကျေးရွာပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိပြီး နောင်နှစ်များတွင်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် သစ်ပင်များ ဆက်လက်စိုက်ပျိုးသွားမည်ဟု Green Future အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
သန်းထွန်းအောင်(ပြန်/ဆက်)
