မန္တလေး ၂ ဇူလိုင်

 

မြန်မာနိုင်ငံ၏ အချိူ့နေရာများတွင် H1N1 ဖြစ်ပွားသော်လည်း မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော တောင်ပြုံးပွဲတော်အား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော် ထံက သိရသည်။

 

ိ့ျ္

 

မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသော တောင်ပြုံးပွဲတော်သို့ နိုင်ငံတစ်ဝန်းမှ လူဦးရေသောင်းချီ လာရောက်လေ့ရှိသည်။ ပြီးခဲ့သည့် ၂၀၁၇ က တောင်ပြုံးပွဲတော်ကျင်းပရန် ရက်ပိုင်းအလိုတွင် ရာသီတုပ်ကွေး H1N1 ရောဂါပိုး ပျံ့နှံ့ဖြစ်ပွားနေသည်ဟုဆိုကာ မန္တလေးတိုင်းအစိုးရက တောင်ပြုံးပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သဖြင့် ပွဲတော်တွင် ဈေးရောင်းချရန် ပြင်ဆင်နေသည့် ဈေးသည်များနှင့် ပွဲတော်လာသူများ အခက်အခဲများကြုံရပြီး ဈေးသည်များလည်း ဆုံးရှုံးများရှိခဲ့သည်။

 

" H1N1 က သိပ်ဆိုးဆိုးဝါးဝါးကြီးမဟုတ်တော့ ပွဲတော်ကိုနှစ်စဉ်အတိုင်း ကျင်းပသွားမှာပါ။ ပွဲကျင်းပရေး အတွက်ကို H1N1 မကူးစက်စေရေးအတွက် ကျန်းမာရေးလုပ်ငန်းပိုင်းဆိုင်ရာ ကြိုတင် လုပ်ဆောင်ထားပြီးပါပြီ။ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့လည်း တိုင်ပင်ပြီးပါပြီ " ဟု ၎င်းကပြောသည်။

 

ူျိ္ု

 

H1N1 ကြောင့် တစ်နိုင်ငံလုံးတွင် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးသူဦးရေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်မှုနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဇွန်လ၃၀ ရက်အထိတစ်နိုင်ငံလုံးတွင် ရောဂါဖြစ်ပွားသူ ၆၇ ဦးနှင့် သေဆုံးသူ ၂၀ ဦးထက်မနည်း ရှိလာပြီဖြစ်သည်။ 


 
ရာသီတုပ်ကွေး H1N1 ရောဂါသည် ရောဂါပိုးကူးစက်ခံရသည့် အချိန်ကစတင်၍ တစ်ရက်မှ လေးရက်အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခဏာများမှာ အပူချိန် ၃၈ ဒီဂရီစင် တီဂရိတ်နှင့်အထက် ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ ဖြစ်သည်။ 

 

ထို့ထက်ပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ယင်းသို့ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နှိုးဆော်ထားသည်။

 

သူရိန်လင်း