ဟားခါး ၁ ဇူလိုင်

 

ဟားခါးမြို့၊ မြို့ပြစီမံကိန်း ဧက(၆၇၆) ဧရိယာအတွင်းရှိ မြေကွက်များအား ပြည်သူများထံ မြေနေရာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ဆက်လက်၍ မြို့ပြစီမံကိန်းကော်မတီဉက္ကဋ္ဌ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က မြို့ပြစီမံကိန်းဆိုင်ရာများနှင့် ပတ်သက်၍ လည်းကောင်း၊ မြေကွက်ချထားရေးကော်မတီဉက္ကဋ္ဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက မြေကွက်နေရာချထားရေးဆိုင်ရာများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီးနောက် မြေကွက်ချထားရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို မြို့မိမြို့ဖ ဦးအုပ်နောလ်က ရှင်းလင်းတင်ပြခဲ့သည်။

 

အဆိုပါ မြေနေရာချထားရေးကို ပေ(၁၀၀)ပတ်လည်၊ ပေ(၈၀)ပတ်လည်၊ ပေ(၈၀×၆၀)၊ ပေ(၆၀×၄၀)ဖြင့် အတန်းအစားလေးမျိုးသတ်မှတ်၍ ကော်မတီ၏ သတ်မှတ်နှုန်းထားဖြင့် ဦးစားပေးအဆင့်အလိုက် မဲစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအကြိမ်တွင် အိမ်ထောင်စု ၄၃၇ စုအတွက် ပထမအကြိမ် မြေနေရာချထားပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ မြေနေရာမရှိကြသည့် အိမ်ထောင်စုဝင်များအား မြေနေရာများ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း  မြေကွက်ချထားရေး ကော်မတီထံမှ သိရှိရသည်။

 

ခရိုင် (ပြန်/ဆက်)