ဟားခါး ၊ ၂ ဒီဇင်ဘာ
ဟားခါးပြည်သူ့ဆေးရုံကြီးသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများကို ဒီဇင်ဘာ ၂ ရက်က ဟားခါး ကက်သလစ်သာသနာလူငယ်အဖွဲ့မှ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် PPE ဝတ်စုံ(၁၀)စုံ၊ လက်သန့်ဆေးရည် (၃၀)ဘူး၊ ပိုးသတ်ဆေးရည် (Bleaching Powder) (၅)ပုံး၊ ဆေးဖျန်းပုံး(၁)ပုံး၊ Surgical Mask (၂၅)ဘူး၊ N95 Mask (၃)ဘူး၊ ခေါင်းစွပ်(Cap) (၁၀၀)ခု၊ လက်အိတ်(Rubber Gloves)(၈)ဘူး၊ ကိုယ်အပူချိန်တိုင်းကိရိယာ (Inferred Forehead thermometer) (၃)ခု၊ Scrub Suit (၃၀)ခုတို့ကို ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟားခါးပြည်သူ့ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူရှင်များအနေဖြင့် အလှူငွေများနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


