နေပြည်တော်၊ ဇူလိုင် ၁၉
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက် လျက်ရှိရာ “ ဟာသမြို့တော် ” ရယ်စရာ စင်တင်ဟာသ တစ်ခန်းရပ်အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသပေး လျက်ရှိသည်။
“ ဟာသမြို့တော် ” ရယ်စရာ စင်တင်ဟာသတစ်ခန်းရပ် အစီအစဉ်ကို ဟားစတိုင်လ် လူရွှင်တော်အဖွဲ့မှ စတားကောင်းထက် စီစဉ်ပြီး “နောက်ကျချင်ဦးဟ” ခေါင်းစဉ်ဖြင့် တင်ဆက်မည်ဖြစ်ရာ စတားကောင်းထက်၊ ကောင်းမွန်၊ ဘာမီတွန်၊ ချမ်းမြေ့၊ ဟာသမယ်မတူး၊ ဦးရာကျော်၊ နိုင်မိုး၊ ဦးတိမ်ညွန့်နှင့် ခရမ်းတို့က ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို MRTV-HD Channel မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၂ ရက်၊ စနေနေ့ ည(၈)နာရီ သတင်းအပြီး တွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဇူလိုင် ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ (၆)နာရီ သတင်းအပြီးတွင်လည်း ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)