နေပြည်တော်၊  ဇူလိုင် ၁

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက် လျက်ရှိရာ  ဟာသမြို့တော် ရယ်စရာ စင်တင်ဟာသ တစ်ခန်းရပ်အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV-HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသပေး လျက်ရှိသည်။

 

ဟာသမြို့တော် ရယ်စရာ စင်တင်ဟာသတစ်ခန်းရပ် အစီအစဉ်ကို ဟားစတိုင်လ် လူရွှင်တော်အဖွဲ့မှ စတားကောင်းထက် စီစဉ်ပြီး “နောက်ကျချင်ဦးဟ” ခေါင်းစဉ်ဖြင့် တင်ဆက်မည်ဖြစ်ရာ  စတားကောင်းထက်၊ ကောင်းမွန်၊ ဘာမီတွန်၊ ချမ်းမြေ့၊ ဟာသမယ်မတူး၊ ဦးရာကျော်၊ နိုင်မိုး၊ ဦးတိမ်ညွန့်နှင့် ခရမ်းတို့က ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။

 

အဆိုပါ အစီအစဉ်ကို MRTV-HD Channel မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၂ ရက်၊ စနေနေ့ ည()နာရီ သတင်းအပြီး တွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဇူလိုင် ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ()နာရီ သတင်းအပြီးတွင်လည်း ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)