နေပြည်တော်၊ အောက်တိုဘာ ၁၁
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက် လျက်ရှိရာ “ဟာသမြို့တော်” ရယ်စရာ တစ်ခန်းရပ်အစီအစဉ်ကို မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသပေး လျက်ရှိရာ ယခုအပတ်တွင် “အဟုတ်မှတ်လို့” ခေါင်းစဉ်ဖြင့် တင်ဆက်မည်ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို ဟားစတိုင်လ် လူရွှင်တော်အဖွဲ့မှ စတားကောင်းထက် စီစဉ်ပြီး စတားကောင်းထက်၊ ကောင်းမွန်၊ ဘာမီတွန် ၊ ဦးတိမ်ညွန့်၊ မတူး၊ ကြူကြူသင်းနှင့် ဟာသပညာရှင်များစွာတို့ ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်ရာ ယင်းအစီအစဉ်ကို MRTV-HD Channel မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက် စနေနေ့ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ (၆)နာရီ သတင်းအပြီးတွင်လည်း (Replay) ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)