ဟိုပင်  ၁၉  မေ 

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းကို မေ ၁၈ ရက် နံနက်ပိုင်းက ကချင်ပြည်နယ် ဟိုပင်မြို့ရှိ မြသီတာရပ်ကွက်၊ မြဇေယျာရပ်ကွက်၊ မြို့မတောင် ရပ်ကွက်နှင့် မြို့မမြောက်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

5625


       
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ ရပ်ကွက်များအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ပိုးလောက်လန်းတွေ့ရှိကန်များအား သွန်မောက်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို ကလေးသူငယ်များနှင့် ပြည်သူများ ခြင်မှဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

တိုးတိုးမေ(ဟိုပင်)