ဟိုပန် ၂ အောက်တိုဘာ
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် နေထိုင်ကြသော ကိုးကန့်တိုင်းရင်းသား မျိုးနွယ်များသည် အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ရိုးရာ လမုန့်စား ပွဲတော်ကို မိမိတို့၏ နေအိမ်အသီးသီးတွင် ပြုလုပ်ကြသည်။
ရိုးရာ လမုန့်စားပွဲတော် ကျင်းပရခြင်းမှာ မိမိတို့ စိုက်ပျိုးသော လယ်ယာသီးနှံများ ရရှိခြင်းအတွက် ကျေးဇူးတင်သည့်အနေဖြင့် သော်လည်းကောင်း၊ မိမိတို့၏ မိသားစုဝင်များ အသက်ရှည်ကျန်းမာပြီး ကောင်းမွန်သည့် အနာဂတ်ရရှိစေရေးအတွက် ဆုတောင်းသည့်အနေဖြင့်သော် လည်းကောင်း ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကန့်တိုင်းရင်းသားမျိုးနွယ်များသည် လမုန့်ပွဲတော်ကာလတွင် အဝေး၌ ရောက်ရှိနေသော မိသားစုဝင်များ မိမိတို့၏ နေအိမ်သို့ ပြန်လည်ရောက်ရှိကာ မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းများနှင့်အတူ ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပလေ့ ရှိသည်။
ယခုနှစ်တွင် COVID-19 ကာလဖြစ်ခြင်းကြောင့် ပွဲတော်ကို စုစုစည်းစည်းနှင့် မကျင်းပနိုင်ဘဲ၊ မိမိတို့၏ မိသားစုဝင်များနှင့်သာ ဆင်နွှဲကြရကြောင်း သိရသည်။ ကိုးကန့်ရိုးရာ ပွဲတော်ကြီး(၄)မျိုးတွင် လမုန့်ပွဲတော်သည် တစ်ခုအပါအဝင် ဖြစ်သည်။ ကိုးကန့်ရိုးရာ ပြက္ခဒိန်အရ ဩဂုတ် ၁၅ ရက် လပြည့်နေ့တွင် လမုန့်ပွဲတော် ကျင်းပပြုလုပ်ကြောင်း သိရသည်။
#MRTV