ဟိုပန် ဇန်နဝါရီ ၅
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၄ ရက်က ဟိုပန်မြို့နယ်၊ ရုံးကုန်းရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဟိုပန်မြို့နယ်ရှိ ပိုက်ကျော်ခြင်း အသင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ
အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်၊ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပထမဆုရရှိသည့် အရက်ဖြူအသင်းအား ဆုကြေးငွေ ငါးသိန်းကျပ်၊ ဒုတိယဆုရရှိသည့် KMZ အသင်းအား ဆုကြေးငွေ သုံးသိန်းကျပ်၊ တတိယဆုရရှိသည့် ရဲမာန်-၁ အသင်းအား ဆုကြေးငွေ နှစ်သိန်းကျပ်နှင့် ဆုဖလားများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)