ဟိုပုံး ၂၅ မေ

            
ဇွန်  ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိန်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဟိုပုံးမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မဆည် ကန်ပတ်လည်တစ်လျှောက်၌ ယနေ့နံနက် ၆ နာရီခွဲက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

1


အဆိုပါစုပေါင်းသန့်ရှင်းရေးကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်း ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းပါဝင်ခဲ့ကြပြီး ဆည်မြောင်းဦးစီးဌာနမှ ကောက်ညှင်းပေါင်းနှင့် အကြော်များဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

 

1