ဟိုပုံး   ဒီဇင်ဘာ ၂၅

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မြို့ဦးရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်မိသားစုတို့၏ ခရစ်ယာန်ကျောင်းတွင် ခရစ္စမတ်နေ့ ဝတ်ပြုဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက်ပိုင်းကျင်းပပြုလုပ်သည်။

            ဦးစွာဝတ်ပြုဆုတောင်းခြင်းများပြုရာတွင် သင်းအုပ်ဆရာက ဦးဆောင်၍ ဟိုပုံးမြို့ရှိ အသင်းတော်မိသားစုများနှင့်အတူ ပဏာမကျမ်းစာဖတ်ကြားခြင်း၊ လူငယ်ဂုဏ်ပြုတေးသီချင်းများသီဆိုကြခြင်း၊ တရားဒေသနာတော်ဖတ်ကြားခြင်း၊ ဓမ္မဒေသနာတော်များဖတ်ကြားခြင်း၊ မေတ္တာပို့ဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းများစုပေါင်းသီဆိုကြခြင်း၊ ခရစ်တော်အား ကျေးဇူးတော်ချီးမွမ်းကြခြင်း၊ ကောင်းချီးမင်္ဂလာပေးဆုတောင်းခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

            အဆိုပါအခမ်းအနားသို့ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့်ဇနီး ဒေါ်မေရီရွှေ၊ အရာရှိကြီးများနှင့် ဇနီးများ၊ ခရစ်ယာန် ဘာသာဝင် အရာရှိ၊ စစ်သည်၊ ရဲမေ၊ မိသားစုဝင်များနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)