ဟိုပုံး မေ ၂၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။

 

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူး ဦးစိုးသစ်တို့က မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေသည်။

 

ထို့‌နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်စသည့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။ ထို့နောက် ကျောင်းသား မိဘများက ကျောင်းအပ်နှံမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ဟိုပုံးမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ရှစ်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သုံးကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ကိုးကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၁၂ ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ၁၉ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၁၁၄ ကျောင်း၊ အခြေခံပညာ မူလတန်း ကျောင်း(ခွဲ) ၁၆ ကျောင်း စုစုပေါင်း ၁၈၁ ကျောင်းရှိကြောင်း သိရသည်။

 

ပအိုဝ်း(ပြန်/ဆက်)