ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဟိုပုံး ဖေဖော်ဝါရီ ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာရှိ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများရှိ ခရီးသွားပြည်သူများအား “ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင် စောင်ရေ ၃၀၀ အား ဖြန့်ဝေပေးခဲ့သည်။

 

ပအိုဝ်းဒေသ(ပြန်/ဆက်)