ဟိုပုံး       ဇူလိုင်       ၂၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စိုက်ပျိုးဧက ၆၇၀၀၀ ကျော်ရှိပြီး အဓိကသီးနှံ အနေဖြင့် စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုတ်၊ ကြက်သွန်ဖြူ၊ ထောပတ်၊ ကြက်သွန်ဖြူ၊ ကော်ဖီ၊ သနပ်ဖက်တို့ကို အများဆုံးစိုက်ပျိုးကြကာ ပြောင်းလဲလာသောရာသီဥတုကြောင့် စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းမြစ်များ ဆုံးရှုံးလာခြင်းနှင့် ဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် သစ်စိမ်းမြေဩဇာကို အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်လာကြောင်း သိရသည်။

 

သစ်စိမ်းမြေဩဇာများအနက် ပိုက်ဆံလျှော်ပင်သည် စိုက်ပျိုးရ အလွယ်ကူဆုံးနှင့် မြေဆီလွှာကို အာဟာရဓာတ် အများဆုံးဖြည့်ဆည်းပေးနိုင်သည့်အတွက် ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပိုက်ဆံလျှော် မျိုးစေ့ထုတ် စံပြစိုက်ခင်း ဖော်ဆောင်ကာ ဒေသခံတောင်သူများအား လက်တွေ့သိမြင်ပြီး ဆောင်ရွက်လာစေရေးအတွက် သစ်စိမ်းမြေဩဇာ အသုံးပြု စိုက်ပျိုးနည်းများကို လက်တွေ့ပြသ ပညာပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

နေမင်းထွန်း(ပအိုဝ်းဒေသ)