နေပြည်တော် မတ် ၂၉

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၃)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော “Center for Tourism Development (Keng Tung)” စီမံကိန်း၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်းတည်ဆောက်ရေးနှင့် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံ မြို့ရှိ Amazing Hotel ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံဒေသရှိ ခရိုင်နှင့်မြို့နယ်အဆင့် ခရီးစဉ် ဒေသစီမံခန့်ခွဲရေး (Destination Management Organization- DMO) အဖွဲ့ဝင်များနှင့် ဌာနဆို င်ရာများ၊ ကျိုင်းတုံတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယခုအကောင်အထည်ဖော်ဆောင်ရွက်နေသည့် Center for Tourism Development စီမံကိန်းသည် ခရီးသွားလုပ်ငန်းအရင်းအမြစ်ပေါများသော ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ခရီးသွားကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် အတွက် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုပညာရပ်များကို သင်ကြားပေးနိုင်မည့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်းတစ်ခုကို တည်ထောင်ရန်ရည်ရွယ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းပြောကြားသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်း ကျောင်းဆောက် လုပ်နေမှုနှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်ကိုလည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်မှုများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်လင်းတင်ပြပြီး တက်ရောက်လာကြ သူများက အကြံပြုဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌက  ကျိုင်းတုံခရီးစဉ်ဒေသရှိ ခရီးသွားဆွဲဆောင်ရာနေရာ များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ခရီးစဉ်ဒေသစီမံ ခန့်ခွဲမှုအဖွဲ့(DMO)များ၏ အခန်းကဏ္ဍနှင့်လုပ်ငန်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး အဖွဲ့လေးဖွဲ့ခွဲကာ အပြန်အလှန် မေးမြန်းဆွေးနွေးခြင်း၊ ဆွေးနွေးပွဲရလဒ်များကို သုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ကြ သည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် နိုင်ငံပိုင်ဟိုတယ်ဖြစ်သည့် ကျိုင်းတုံပါရာဒိုက်(စ်) ဟိုတယ်သို့ သွားရောက်၍ ပြုပြင်မွမ်းမံတည်ဆောက်နေမှုများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကျိုင်းတုံရုံးမြေနေရာတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်နေ သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်း ဆောက် လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

(သတင်းစဉ်)