နေပြည်တော်  ဖေဖော်ဝါရီ   ၁၁

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေ (၂၀၁၈)နှင့် နည်းဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို အကျွမ်းတဝင် နားလည်မှုရှိရန်လိုအပ်ကြောင်း၊ ယခုသင်တန်းတွင် ဝန်ထမ်းများသိသင့်သိထိုက်သော စီးပွားရေးစာချုပ် စာတမ်းစိစစ်ခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်မူကြမ်းများရေး ဆွဲခြင်းဆိုင်ရာများကို အသိပညာပေးသွား မည်ဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချသည့် ဘာသာရပ်များကို သေချာစွာလေ့လာမှတ်သားပြီး လုပ်ငန်းခွင်တွင် အကျိုးရှိစွာအသုံးချနိုင်ရန်နှင့် မိမိတို့၏ပတ်ဝန်းကျင်တွင် ပြန်လည်ဖြန့်ဝေပေးကြရန် တိုက်တွန်းပြောကြားသည်။

 

အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနရှိ ဝန်ထမ်းအဆင့် ဝန်ထမ်းများအားလုံး တက်ရောက်ကြပြီး  ၃ ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)