ဟင်္သာတ မတ်

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လယ်တီကွင်းရပ်ရှိ ဟင်္သာတခရိုင်မီးသတ်ဦးစီးမှူးရုံး၌ မတ် ၅ ရက်က စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ပြုလုပ်သည်။

 

အဆိုပါ အခမ်းအနားတွင် ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန်က စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဟောပြော ခြင်းတို့ ဆောင်ရွက်ပြီး ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူးရုံးရှေ့၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး အရေးပေါ်မီးငြှိမ်း သတ်နည်းများကို သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်သည်။

 

အခမ်းအနားသို့ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ဟင်္သာတ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်း၊ ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဟိန်းသူဟန်၊ ဟင်္သာတမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဥက္ကာနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)