ဟင်္သာတ ၂ နိုဝင်ဘာ
ကိုဗစ်ကာလအတွင်း ဟင်္သာတခရိုင် ငါးလုပ်ငန်းဉီးစီးဌာနအနေဖြင့် ခရိုင်အတွင်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပြိုင်ပွဲကို online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။ ခရိုင်အတွင်းရှိ မြို့နယ်ငါးခုနှင့် ငါးသားပေါက်စခန်း တစ်ခုရှိ ဝန်ထမ်းများအား စာတွေ့၊ နှုတ်ဖြေ၊ လုပ်ငန်း ဆောင်ရွက်နိုင်မှု၊ မြို့နယ်ဉီးစီးမှူးတို့၏ အမှတ်ပေးနိုင်မှုနှင့်အတူ ဝန်ထမ်းများ၏ မဲပေးမှုအပေါ် အကဲဖြတ် ယှဉ်ပြိုင်စေခဲ့သည်။
ထိုသို့ စီစစ်ဆောင်ရွက်ခဲ့ရာ ဒေါ်သင်းသင်းစိုး (ဒုတိယဉီးစီးမှူး) အင်္ဂပူမြို့နယ်က ပထမ၊ ဦးကျော်မျိုးဝင်း (လက်ထောက်ဦးစီးမှူး) အင်္ဂပူမြို့နယ်က ဒုတိယ၊ ဦးဇော်ဝင်းတင် (လက်ထောက်ဦးစီးမှူး) အင်္ဂပူမြို့နယ်က တတိယ အသီးသီးရရှိသည်။ ဦးထက်နိုင်ထွန်း (နေ့စား) လေးမျက်နှာမြို့နယ်က အထူးဆုရရှိပြီး စည်းလုံးညီညွတ်မှုဆုကို လေးမျက်နှာမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးနှင့် ဘတ်စုံထူးချွန်ဆုကို အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတို့က ရရှိကြသည်။
ထို့အပြင် အဆန်ဆုကို ဟင်္သာတ ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးငြိမ်းချမ်းနှင့် နှုတ်ရည်ဆုကို ဦးကျော်မျိုးဝင်း၊ အင်္ဂပူမြို့နယ်ကပင် ဆွတ်ခူးရရှိသွားပြီး အဆိုပါ ဆုများကို ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးတင့်လွင်မှ ပေးအပ်ခဲ့ကြောင်းသိရသည်။
ငါးလုပ်ငန်းဦးစီးဌာန


