ဟင်္သာတ ၂၇ မေ
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုငွေရန်ပုံငွေဖြင့် လှည်းလမ်းတက်ကျေးရွာနှင့် စစ်ကုန်းလေးကျေးရွာတို့တွင် ကျေးလက်ရရှိရေး တွင်းနက်တူးဖော်ခြင်းနှင့် အမြင့်တင်ရေစင် တည်ဆောက်နေမှု လုပ်ငန်းများပြီးမှုအခြေအနေကို ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည် ကွင်းဆင်းစစ်ဆေးပြီး တာဝန်ခံဝန်ထမ်းအား အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန်မှာကြားသည်။
အဆိုပါကျေးရွာများတွင် တင်ဒါရဒေါင်းဖန်ဝါကုမ္ပဏီက ခွင့်ပြုငွေကျပ် (၁၃.၇၇၅) သန်းဖြင့် တွင်းအကျယ် ၄ လက်မ၊ အနက်ပေ ၄၀ဝ တွင်းနက်အမျိုးစားတူးဖော်နေခြင်းနှင့် ရေစက်ရုံနှင့် အမြင့်တင်ရေစင်တို့ကို တူးဖော် ဆောက်လုပ်နေခြင်းဖြစ်ပြီး လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
လှည်းလမ်းတက်နှင့် စစ်ကုန်းလေးကျေးရွာတွင် အိမ်ထောင်စု ၂၁၉ စုနှင့် လူဦးရေ ၈၇၅ ဦးကျော်နေထိုင်ပြီး စက်ရေတွင်းတူးဖော်ခြင်းနှင့် စက်စပ်လုပ်ငန်းများပြီးစီးသွားပါက နွေရာသီရေပြတ်လပ်မှုအခက်အခဲများနှင့် အာဆင်းနစ်(စ်)လွတ်ကင်းသည့် သောက်ရေ၊ သုံးရေများကို အစဉ်ပြေစွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ချိုလွင်က ပြောသည်။
ကျော်ကျော်(ပြန်/ဆက်)