ဟင်္သာတ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်များကို မေ ၁၂ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလျက်ရှိသည်။

အဆိုပါ တက္ကသိုလ်များ စတင်ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ်  သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ခံ ဌာနမှူးများ၊ ကျောင်းသားရေးရာဌာနများမှ တာဝန်ရှိသူများက ကျောင်းသားမောင်မယ်များကို လှိုက်လှဲစွာကြိုဆို၍  မောင်မယ်သစ်လွင် အခမ်းအနားများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကိုဇော်(ဟင်္သာတ)