ဟင်္သာတ ၄   ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဦးမိုးလေးဖြတ်တာ(၁)မှာ ဧရာဝတီမြစ်ရေ တိုက်စားမှု ကြောင့် ယနေ့ နံနက်ပိုင်းက ပြိုကျပျက်စီးခဲ့ပြီး တာတမံအတွင်း မြစ်ရေများဝင်ရောက် လျက်ရှိကြောင်း သိရသည်။

 

ဟင်္သာတမြို့နယ် အတွင်းရှိ မြို့၊ ရွာနှင့် သီးနှံ စိုက်ခင်းများ ရေကြီးရေလျှံမှုမှ ကာကွယ်ရန် ဧရာဝတီ ဟင်္သာတတာ တာမိုင် အလျား - ၁၅မိုင် ၅ဖာလုံကို လည်းကောင်း ၊ ဟင်္သာတ- ကမ်းနားတာတာမိုင် ၆ မိုင် ၅ ဖာလုံကို လည်ကောင်း၊ ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတ-ကမ်းနားတာကြား ရေကြီးတိုက်စားမှု ကာကွယ်ရန်၊  အင်းမပန်းတာ၊ ဦးမိုးလေး ဖြတ်တာ (၁) ၊ ဖြတ်တာ(၂)၊ ဖြတ်တာ(၃) တို့ကို တည်ဆောက်ထားရှိသည့်အနက် ဦးမိုးလေး ဖြတ်တာ(၁) ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။

 

mdn

 

တာတမံပြိုကျပျက်စီးနိုင်မှု အခြေအနေရှိ သဖြင့် ဇူလိုင်ပထမပတ်မှ စတင်၍ လူနေအိမ် အချို့ ရွှေ့ပြောင်းမှုများ စတင်လုပ်ဆောင်ခဲ့ သောကြောင့် တာတမံအတွင်းတွင် ရေဝင်နစ် မြုပ်သည့် အိမ်ခြေ အနည်းငယ်သာရှိတော့ပြီး အဆိုပါအိမ်ထောင်စုများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ပြောင်အိပ်ပျက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်ထံမှ သိရသည်။

 

ဟင်္သာတခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးမိုးလေး ဖြတ်တာ (၁) ရေတိုက် စားပြီး ပျက်စီးခဲ့ပါက ဦးမိုးလေးဖြတ်တာ(၁)နှင့် ဖြတ်တာ(၂) အကြားရှိ ကျေးရွာ(၄)ရွာရှိ အိမ်ခြေ စုစုပေါင်း ၉၆၀၊ ဘုန်းကြီးကျောင်း(၄)ကျောင်း၊ စာသင်ကျောင်း(၄) ကျောင်းတို့ ရေဘေး အန္တရာယ်ကျ ရောက်နိုင်သဖြင့် ဦးမိုးလေး ဖြတ်တာ(၁)၏ နောက်ဘက်ပေ(၁၀ဝ၀) ခန့်အကွာ၌ ဖြတ်တာ အသစ်အား ၂၀၂၀ ခုနှစ်မိုးမကျမီက တည်ဆောက်ကာကွယ်ပေးထားပြီး ယင်းဖြတ်တာသစ်၏ အနောက်တွင် ယခင် တည်ဆောက်ထားသည့် ဖြတ်တာ(၂)၊ ဖြတ်တာ (၃) တို့ရှိ‌ သော‌ကြောင့် ပြည်သူများ အနေဖြင့် စိုးရိမ်ဖွယ်ရာ မရှိနိုင်ကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)