ဟုမ္မလင်း ၄ ဇွန်

 


ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ မြေစိုက်နံရံကပ်စာစောင်ပြသမှုကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဇွန်  ၄ ရက် မွန်းတည့် ၁၂ နာရီက ပြသခဲ့သည်။

 

fewf

 


အဆိုပါ မြေစိုက်နံရံကပ်ဘုတ်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် ဒို့ကျေးရွာဂျာနယ်မှ ကျန်းမာရေး၊ ပညာပေး ဆောင်းပါးများ၊ မီးဘေး၊ ရေဘေး စသည့်သိမှတ်ဖွယ်ရာများကို ပြသဆောင်ရွက်ထားရှိသည်။

 


ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ဘုတ်ကို မြို့တွင်းလူစည်ကားသည့်နေရာတွင် စိုက်ထူထားရှိကြောင်း၊ ပြည်သူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ပြီး တစ်လလျှင်တစ်ကြိမ် လဲလှယ်ပြသပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 


လင်းလင်း(ပြန်/ဆက်)