ဟုမ္မလင်း ၁၉ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မျိုးစပါးမျိုးစေ့ထုတ်ဧက ၃၀၀ အတွက် ထောက်ပံ့ငွေ ကျပ် ၄၄၅ ဒသမ ၅ သိန်းအား ယနေ့နံနက်ပိုင်းတွင် ကျေးရွာအုပ်စုအလိုက် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦး စီးဌာနမှ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

 

အဆိုပါ ကျေးရွာများသို့ ချင်းတွင်းမြစ်အထက်ပိုင်း မောင်းခမ်းကျေးရွာ၊ လွှစင်ကုန်း ကျေးရွာ၊ ဟဲခမ်းကျေးရွာ၊ နောင်ပိုအောင်ကျေးရွာ၊ ယက်ဖကျေးရွာ၊ မှိုင်းဝယ်ကျေးရွာ၊ ကက်သာကျေးရွာစသည့် ကျေးရွာအုပ်စုအလိုက်နှင့် မြို့နယ်ရုံးမျိုးစေ့ထုတ်တောင်သူ အစုအဖွဲ့များထံသို့  လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမင်းမင်းဇော်က ပြောကြားသည်။

 

မွှေးကြူဇင်