ဟုမ္မလင်း ၊ ၃ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မည့် မြေပြင်အခြေအနေများကို ဒီဇင်ဘာ ၂ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခန္တီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဆန်းမိုး၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမင်းလတ်နှင့် ခရိုင်/မြို့နယ် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ အောင်းပင်ကျေးရွာတွင် ကျေးရွာမတည်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေနှင့် ကော်မတီဝင်များ၏ ငွေစာရင်းဇယားဖြည့်သွင်းထားရှိမှုများကို လည်းကောင်း၊ နောင်ခမ်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေမှုနှင့် ကော်မတီဝင်များဖြင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နမ့်တောကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မည့် နေရာများ မြေပြင်အခြေအနေများကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သျှားညီ


