ဟုမ္မလင်း ၁၃ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ (၅)နှစ်ထိ ကလေးများအား မျက်စိအားဆေးနှင့် သန်ချဆေးတိုက်ကျွေးခြင်းကိုယနေ့ နံနက်(၉)နာရီက ဟုမ္မလင်းမြို့နယ်၊ မိခင်ကလေးကျန်းမားဌာန၊ အောက်ဆေးရုံတွင် တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသက်(၆)လမှ (၅)နှစ်ထိ ကလေးငယ်များကို ဗီတာမင် အေ နှင့် မျက်စိအားဆေး သန်ချဆေး တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးသီတာခိုင်၊ ဆရာမ ဒေါ်လွန်းထက်ဝေ နှင့် တာဝန်ရှိသူများက နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲထိ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့ပေါ်ရှိ နောင်ပကျစ်ရပ်ကွက်တွင် ၂၈ဝ၊ နောင်ပကျစ်တောင်ပေါ် (၁၄၉)ဦး၊ ခိုပဲဝ ရပ်ကွက်တွင် (၂၁၉) ဦးခန့် ကို အသက်(၆)လမှ (၅)နှစ်ထိကလေးများအား တိုက်ကျွေးပေးသွား မည်ဖြစ်ကြောင်းနှင့် ယင်းဗီတာမင်အေးနှင့် သံချဆေးတိုက်ကျွေးခြင်းကို တစ်နှစ်လျှင် နှစ်ကြိမ် တိုက်ကျွေးလျက်ရှိကြောင်း ရသည်။
လင်းလင်း(ပြန်/ဆက်)