ဟုမ္မလင်း ၂၅ ဇူလိုင်
ကော်ဖီစိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟုမ္မလင်းမြို့နယ် နောင်လွန်အုပ်စု တောင်သူ ဦးဌေးမော်၏ ရတနာရော်ဘာခြံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက ကော်ဖီစိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲ၊ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ဒု-လက်ထောက်ဦးစီးမှူး ဦးအောင်ညွန့်ကြည်က ရော်ဘာစိုက်ခင်းကြား ကော်ဖီသီးနှံ စိုက်ပျိုးနည်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးမင်းမင်းဇော်က ရော်ဘာစိုက်တန်းကြား ကော်ဖီသီးနှံ စိုက်ပျိုးနည်း လက်တွေ့သရုပ်ပြ ရှင်းလင်းပြောကြားခဲ့သည်။
ကွင်းသရုပ်ပြပွဲသို့ ရော်ဘာလုပ်ငန်းရှင်းများ၊ တောင်သူများ တက်ရောက်ခဲ့ပြီး ကော်ဖီစိုက်ပျိုးနည်းနဲ့ ပတ်သက်၍ သိလိုသော အချက်များကို မေးမြန်းခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေခဲ့ကြောင်း သိရသည်။
လင်းလင်း (ပြန်/ဆက်)


