နေပြည်တော် ၂၈ ဇွန်
ကျောက်တော်မြို့နယ်၊ ကျောက်ကြပ်ကျေးရွာအနီး၌ ဇွန် ၂၇ ရက် ည ၈ နာရီက ရန်ကုန်မြို့ရှိ ICRC ရုံးမှ မောင်တောမြို့၊ ကညင်တန်းမြို့မ ရပ်ကွက်ရှိ ICRC ရုံးသို့ပို့ဆောင်မည့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် အရပ်ဖက်ယာဉ် ၆ စီးအား AA အဖွဲ့ကမိုင်းဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် လူ/ ပစ္စည်း ထိခိုက်ပျက်စီးမှု စိစစ်လျက်ရှိပြီး AA အဖွဲ့ကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်


