မောင်တော ၁၁ မေ 

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်း ဇာတ်တိုက် လေ့ ကျင့်မှုပြုလုပ် ခြင်းကို မေလ ၁၁ ရက် နံနက် ၈ နာရီအချိန်က ICRC ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်မှ ICRC အဖွဲ့အစည်းရုံးရှိ ရုံးဝန်ထမ်း များအား မီးဘေးလုံခြုံရေးနှင့်ပတ်သတ်၍ အသိပညာပေးချပြရှင်းလင်း ဟောပြောခဲ့ပြီး ဝန်ထမ်းများမှ နားမလည်သော အရာများအား မေးမြန်ခဲ့ကာ မြို့နယ်မီးသတ်ဦးစီးမှူးမှ ထပ်မံ ချပြရှင်းလင်းခဲ့သည်။ထို့နောက် ICRC အဖွဲ့အစည်း ရုံးဝန်ထမ်းများအား မီးလောင်မှုများတွင် ရေစိုအဝတ်အစားများဖြင့် ငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် စနစ်တကျကိုင်တွယ် မီးငြိမ်းသတ်နည်းများအား မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့ ဇာတ်တိုက်သရုပ်ပြသခဲ့ကာ ICRC ဝန်ထမ်း များတို့မှ တစ်ဦးချင်း လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။ အခမ်းအနားသို့ ICRC အဖွဲ့အစည်းရုံးမှ ICRC ရုံးအဖွဲ့အစည်းအကြီးအကဲ Gregory BRISSONNEAU အပါအဝင် မောင်တောခရိုင်အတွင်းမှ ICRC ရုံးဝန်ထမ်း စုစု ပေါင်း (၁၁၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး(ပြန်/ဆက်) 

 

3.jp