နေပြည်တော်  ၄  ဇူလိုင်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ရာပြည့်နှစ် အထိမ်းအမှတ်အဖြစ် “ILO ရာပြည့်မှစ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် တိုးမြင့်ရေးနှင့် လူမှုတရားမျှတရေး မြှင့်တင်ဆောင်ရွက်ကြ”ခေါင်းစဉ်ဖြင့် ဆောင်းပါး ပြိုင်ပွဲကို ဖိတ်ခေါ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံအနှံ့အပြားမှ အလွတ်တန်းပညာရှင် ၅၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဆောင်းပါးများကို ကျွမ်းကျင်ပညာရှင်များပါဝင်သော ဆောင်းပါးပြိုင်ပွဲ စိစစ် အကဲဖြတ်ရေးအဖွဲ့မှ စိစစ်အကဲဖြတ်ခဲ့ရာ ပထမဆု ဦးထိန်လင်း (လင်းအာရုဏ်ဦး) ပဲခူး၊ ဒုတိယဆု ထက်ဝေအောင်(စစ်ကိုင်း)၊ တတိယဆု အောင်နှင်း တို့က ရရှိခဲ့ကြပြီး သက်ဦးမောင် (NUAC)၊ ဒေါ်ရီရီထွေး၊ ကျောင်းဆရာ ကိုကိုဝင်း၊ မြမဉ္ဇူဝေ (ကျုံမငေး)၊ ဒေါ်လှိုင်းအိ တို့က နှစ်သိမ့်ဆုများ ရရှိကြသည်။ ဆုရရှိသူများအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကဆုများ ထိုက်တန်စွာချီးမြှင့် သွားမည်ဖြစ်ကြောင်းနှင့် ဆုပေးပွဲကျင်းပမည့်ရက်အား ထပ်မံအသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)