ဇေယျာသီရိ ဧပြီ ၁၆
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိအဆင့်မြင့်ရုပ်ရှင်ရုံကို ကိုဗစ်-၁၉ ကြောင့် ယာယီပိတ်ထားခဲ့ရာမှ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပုံဖော်ထား သည့် “ဝေးမနေချင်ဘူး” ရုပ်ရှင်ဇာတ်ကားဖြင့် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း ရပ်နားထားသည့် ဇေယျာသီရိကုန်တိုက်အတွင်းရှိ ဇေယျာသီရိ အဆင့်မြင့်ရုပ်ရှင်ရုံကို ကိုဗစ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပြသသွားမည်ဖြစ်ရာ အဆိုပါရုပ်ရှင်ဇာတ်ကားတွင် ရုပ်ရှင် သရုပ်ဆောင် လူမင်း၊ နေမင်းနှင့် ရွှေမှုံရတီ တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး နံနက် ၁၀ နာရီခွဲ၊ မွန်းလွှဲ ၁ နာရီနှင့် ညနေ ၃ နာရီတို့များတွင် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)