ဇေယျာသီရိ  ၂၃ စက်တင်ဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါများရေး၊ ငါးစားသုံးမှု မြင့်မားရေး၊ ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဆည်၊ တာတမံများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ရေဆင်းရေလှောင်တမံအတွင်း ငါးမျိုးများစိုက်ထည့်ခဲ့ကြသည်။                      

 

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေးနှင့် တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူး ဦးဇော်သန်း၊ ရေဆင်းငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစိုးပိုင်၊ ဇေယျာသီရိမြို့နယ် ဆည်မြောင်းဦးစီးမှူး ဦးချစ်ကြည်မောင်နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ရေဆင်းရေလှောင်တမံအတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၁၅၀ဝ၀ဝ စိုက်ထည့်ပေးခြင်းအပြင် ငါးမျိူးပြုန်းတီးမှုမရှိစေရေးအတွက် ဘက်ထ္ထရီရှော့တိုက်၍ ငါးဖမ်းခြင်း မပြုရန်နှင့် တွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

အေးလင်းထွန်း(ဇေယျာသီရိပြန်/ဆက်)