နေပြည်တော် မတ်

 

နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို မတ် ၅ ရက် မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများအား ချပြရှင်းလင်းခြင်း၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာန များက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှား များကို အယုံလွယ်လမ်းမှားမရောက်ရှိစေရေး ဆွေးနွေးပြောကြားခြင်း၊ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် အားပေးကူညီပံ့ပိုးပေးကြပါရန် ဆွေးနွေး ပြောကြားသည်။ 

 

ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)