နေပြည်တော် ဩဂုတ် ၁၆
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲကို ဩဂုတ် ၁၆ ရက် မွန်းလွဲပိုင်းက ကျည်တောင် ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်ကျေးရွာရှိ ဘက်စုံသုံးန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကား ပြောကြားပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက မွန်းတည့်ခွင်(မြောက်) ကျေးရွာရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် အစုအဖွဲ့ ဆိတ်မွေးမြူရေးခြံနှင့် ကံဦးကျေးရွာရှိ ဥစားဘဲမွေးမြူရေးလုပ်ငန်းတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၏ လိုလားချက်များအား သက်ဆိုင်သည့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)