နေပြည်တော်       စက်တင်ဘာ         ၁၀

နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဇေယျာသီရိမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆန်တစ်ပြည် ငွေ ၁၀၀၀ ကျပ်ဖြင့် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးပြီး ပြည်စံအောင်ရပ်ကွက်၊ နန်းဩကျေးရွာအုပ်စုနှင့် ခေတ်အေးကျေးရွာအုပ်စု အတွင်းရှိ အိမ်ထောင်စု ၂၄၀ ကို ရောင်းချပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)