မြဝတီ ၇ စက်တင်ဘာ
မြဝတီမြို့ ဈေးများ၌ ရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးဝယ်သူများ နှာခေါင်းစည်းများ တပ်ဆင်ရန် နေ့စဉ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြဝတီမြို့ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဘုရင့်နောင်ဈေးအတွင်းအပြင်တွင် ရောင်းချ လျက်ရှိသော ဈေးသည်များနှင့်ဈေး ဝယ်သူများကို ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် ဈေးအတွင်း ဝင်ရောက်ပါက နှာခေါင်းစည်းများ တပ်ဆင်ခြင်းနှင့် လက်များကို စနစ်တကျဆေးရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆောင်ရွက်ခြင်းကို မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်လင်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်တို့က ဈေးများရောင်းချ လျက်ရှိသော ဈေးသည်များနှင့် ဈေးဝယ်သူများကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/မရှိ နေ့စဉ်ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


