မန္တလေး   ၃၀   မေ

 


မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းရှိ Mandalay Convention Centre တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးရောင်းပွဲတော် Big Bad Wolf Book Sale Mandalay 2019 ဖွင့် ပွဲအခမ်းအနားကိုကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များ၊ စာပေနယ်ပယ်အသီးသိီးမှ စာရေးဆရာများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

 

ewfef

 


ရှေးဦးစွာ ဝန်ကြီချုပ်က မန္တလေးမြို့တွင် ယခုကဲ့သို့ စာအုပ်ဈေးရောင်းပွဲတော်ကြီး ကျင်းပနိုင်ခြင်းအပေါ် မုဒိတာစကားပြောကြားသည်။ ဆက်လက်ပြီး မန္တလေးမြို့တွင် စာအုပ်ဈေးရောငိးပွဲတော်ကြီးဖြစ်မြောက်ရေစီစဉ်သူ  Read 2 Read (Myanmar)မှ ဒါရိုက်တာဦးမျိုးအောင်၊ Big Bad Wolf Books မှ Group Head of Marketing, Dipak Madhavan တို့က စာအုပ်ဈေးရောင်းပွဲတော်ကြီးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ပွဲတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် စာအုပ်ဈေးရောင်းပွဲတော်ကြီးအတွင်း ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုသည်။

 


ဖွင့်ပွဲကျင်းသည့် ယနေ့တွင် VIP နေ့အဖြစ် သတ်မှတ်ပြီး စာအုပ်များလက်ဆောင်ပေးခြင်း၊ online မှတစ်ဆင့် ကံစမ်းမဲပေါက်သူများကို အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် စာအုပ်များရောင်းချပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။ အများပြည်သူများဝယ်ယူနိုင်ရန် မေလ ၃၁ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပွဲတော်တွင် စာအုပ်များကို ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ အထူးလျော့ဈေးနှုန်းသတ်မှတ်ပြီး ရောင်းချပေးသွားမည်ဖြစ်သည်။ 

 


စာအုပ်ဈေးရောင်းပွဲတော်ကြီးတွင် အင်္ဂလိပ်ဘာသာဖြင့် အဆင့်မြင့်စွာထုတ်လုပ်ထားသည့် ဂန္ထဝင်ဝတ္ထုများ၊ ခေတ်ပေါ်ဝတ္ထုများ၊ စိတ်ကူးယဉ်သိပ္ပံဝတ္ထုများ၊ ဟာသစာပေ၊ ကလေးများအတွက် ပုံပြင်နှင့် ရုပ်ပုံစာအုပ်များ၊ ပညာရပ်များအလိုက်ဘလေ့လာရန်ပြုစုထားသည့် စာအုပ်များကို ရောင်းချပေးရန် ခင်းကျင်းပြသထားကြောင်း တွေ့ရသည်။

 

သတင်းနှင့်ဓာတ်ပုံ 
တင်မောင် (မန်းကိုယ်ပွား) ၊ အေးမြ (မန္တလေး)