ဟားခါး ၂၄ မေ
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဟေသာစံမြန်မာကုမ္ပဏီမှ ဦးဆောင်ကျင်းပသော ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက်ပိုင်းက ဟားခါးမြို့၊ ကီယိုမန်းအားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဈေးရောင်းပွဲတော်သို့ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးကုန် ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများ အရောင်းဆိုင်ခန်းပေါင်း(၂၀)ကျော်နှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် မေလ ၂၄ မှ ၂၉ ရက်အထိ (၆)ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဈေးရောင်းပွဲများကို ချင်းပြည်နယ်အတွင်းရှိ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန် မြို့နယ်များသို့ ဟေသာစံမြန်မာကုမ္ပဏီမှ ဦးဆောင်၍ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN