ဇီးကုန်း ၁၅ မေ 
     

ယမန်နေ့ညနေ ၆နာရီခွဲက မိုးရွာသွန်းချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဘုရားပျိုကျေးရွာအုပ်စု တမံကြီးကျေးရွာတွင် နေအိမ်(၁၅)လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် အ.မ.က စာသင်ကျောင်းတစ်ကျောင်း၊ ရေတာရှည်ကျေးရွာတွင်နေအိမ်(၆)လုံး၊ ဒေါကျော်ကျေးရွာတွင် နေအိမ်(၃)လုံးနှင့် ကြက်မွေးမြူရေးခြံ တစ်ခြံ၊ သက္ကယ်ကျင်း ကျေးရွာတွင်နေအိမ်(၃)လုံး၊ စုစုပေါင်းနေအိမ်(၂၇)လုံး ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းနှင့် ကြက်မွေးမြူရေးခြံတစ်ခြံတို့တွင် အမိုးများလန် ပျက်ဆီးခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်ဆီးမှုမရှိကြောင်းနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ် တားဆီးရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျှက် ရှိကြောင်း ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

1