ဇီးကုန်း ဇန်နဝါရီ ၅

 

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)တွင် တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဇန်နဝါရီ ၅ ရက်က ဆောင်ရွက်ခဲ့သည်။

 

ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ပြည်သူများ ဆန္ဒမဲပေးကြရန် “မဲပေးကြစို့တို့နှိုးဆော်၊ “တို့အတူ မဲပေးကြမည်၊ “ ပြည်သူ့တာဝန်ကျေပါစေ၊ “ဆန္ဒမဲပေးကြပါ စသည့်မဲပေးခြင်း အသိပေးနှိုးဆော်သီချင်းများကို အသံချဲ့စက်ဖြင့်လူစည်ကားရာ မြို့မစျေး ပတ်ဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအထိ လှည့်လည်‌ဆော်ဩခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက “ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)