ဇလွန် ၈ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇလွန်မြို့မ ဈေးသစ်အတွင်း ဈေးရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်မှု ရှိ ၊ မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများမှ နေ့စဉ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇလွန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက နေအိမ်အပြင် ထွက်ပါက နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်ကြသူများ ဈေးသို့လာသည့်အခါတိုင်း Mask တပ်ဆင်မှု ရှိစေရေးတို့ကို နေ့စဉ်အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဈေးရောင်းချ သူများနှင့် ဈေးဝယ်ကြသူများ နှာခေါင်းစည်းတပ်ဆင်မှု မရှိပါက ဒဏ်တပ်ရိုက်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)


