ဇလွန် ၇ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် အတွင်းရှိ စားသောက်ဆိုင်များနှင့် အလှပြင်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

mdn

 

ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ လိုင်စင် ထုတ်ပေးထားသော စားသောက်ဆိုင်များနှင့် အလှပြင်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် စားသောက်ဆိုင်များတွင် လက်ဆေး ဘေစင်များ ထားရှိခြင်း ရှိ/ မရှိ၊ ချက်ပြုတ်ရောင်းချနေသော အခန်းများအား သန့်ရှင်းစွာ ဆောင်ရွက်ထားရှိခြင်း ရှိ/ မရှိ ၊ စွန့်ပစ်အမှိုက်များအား စနစ်တကျ ထားရှိခြင်း ရှိ/ မရှိ  ၊ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ဝေယံ -  ဇလွန် (ပြန်/ဆက်)