ဇလွန် ၂ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဧရာဝတီ ဟင်္သာတတာ တာမိုင် ၂၂/၄-၂၄/ဝ အတွင်း သဲကုန်း-ညောင်အိုင် ပန်းတာသစ်တည်ဆောက်ခြင်း လုပ်ငန်းဧရိယာတွင် ပါဝင်သည့် တာအူကြောင်းပါလယ်မြေ၊ မြေယူနေရာပါ လယ်မြေ၊ သီးနှံပင်များနှင့် တာအူကြောင်းပါ ရွှေ့ပြောင်းနေအိမ်များအတွက် နစ်နာကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

4157

 

အခမ်းအနားတွင် ဟင်္သာတခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသာယာက သဲကုန်း-ညောင်အိုင်ပန်းတာသစ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က မြေယာလျော်ကြေးနှင့် ပတ်သက်၍ ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့သည်။

 

4242

 

ယင်းနောက် ဟင်္သာတခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က တာအူကြောင်းပါ လယ်မြေ (၁၄ ဒသမ ၃၀)ဧကအတွက် နစ်နာကြေးငွေကျပ် ၅၀ဝ၅၀ဝ၀ဝ ကို တောင်သူ ဦးမျိုးညွန့်အားလည်းကောင်း၊ ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသာယာက သီးနှံစိုက်ပျိုးမြေ (၁၁ ဒသမ ၇၀)ဧကအတွက် နစ်နာကြေးငွေကျပ် ၃၂၁၇၅၀ဝ၀ ကို တောင်သူ ဦးစိန်မြင့်အားလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က မြေယူနေရာပါလယ်မြေ (၃၄)ဧကအတွက် နစ်နာကြေးငွေကျပ် ၁၁၉၀ဝ၀ဝ၀ဝ ကို တောင်သူ ဦးအောင်ကိုဦးအား လည်းကောင်း၊ ဇလွန်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆယ်မောင်က တာအူကြောင်းပါ သီးနှံများအတွက် နစ်နာကြေးငွေကျပ် ၅၄၈၈၇၈၀ဝ ကို တောင်သူ ဦးလှအောင်အားလည်းကောင်း၊ ဇလွန်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းနောင်က တာအူကြောင်းပါ ပြောင်းရွှေ့နေအိမ် (၁၈)လုံးအတွက် နစ်နာကြေးငွေကျပ် ၉၀ဝ၀ဝ၀ဝ ကို တောင်သူ ဦးအောင်ကျော်ထွန်းအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး ဒေသခံများကိုယ်စား တောင်သူဦးငွေစိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဇလွန်မြို့နယ် သဲကုန်း-ညောင်အိုင်ပန်းတာသစ် တည်ဆောက်ခြင်းလုပ်ငန်း ဧရိယာတွင်ပါဝင်သည့် တာအူကြောင်းပါလယ်မြေ၊ မြေယူနေရာပါလယ်မြေ၊ သီးနှံပင်များနှင့် တာအူကြောင်းပါ ရွှေ့ပြောင်းနေအိမ်များအတွက် စုစုပေါင်းနစ်နာကြေးငွေကျပ် ၂၆၅၁၁၂၈၀ဝ ကို တောင်သူများအား နေ့ချင်းပြီး ပေးချေခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)