ဇလွန်   ၈   မေ

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်သို့  တရုတ်နိုင်ငံမှ ပြန်လည်​ရောက်ရှိလာသူများသည်  ကိုဗစ်-၁၉​ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် အ.ထ.က(၂)မြိို့မကျောင်း ​စောင့်ကြည့်​ရေး​နေရာသို့ တရုတ်နိုင်ငံမှ နေရပ်​​​ပြန်ခြောက်ဦး ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ​ထပ်မံရောက်ရှိခဲ့​သည်။

 

ရှေးဦးစွာ တရုတ်နိုင်ငံမှ ထပ်မံ ရောက်ရှိလာသူများကို ဗြဟ္မစိုရ်လူမှုကူညီ​ရေးအသင်း မော်တော်ယာဉ် ဖြင့် ​ညောင်တုန်းမြို့နယ် Classic ဆိုင်ရှေ့တွင် သွားရောက် ကြိုဆိုပြီး အ.ထ.က(၂)မြို့မကျောင်း ​စောင့်ကြည့်​ရေး​ နေရာသို့ ပို့​ဆောင်​ပေးခဲ့သည်။

 

ထို့​နောက် တရုတ်နိုင်ငံမှပြန်လာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦးတို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာ​ရေးဆိုင်ရာများ စစ်​ဆေးခဲ့သည်။ အ.ထ.က(၂)မြို့မကျောင်း စောင့်ကြည့်​ရေး​နေရာသို့ မေလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံမှပြန်လာသူ ၈ ဦး ယနေ့တွင် ၆ ဦး စုစုပေါင်း ၁၄ ဦးကို အသွားအလာ ကန့်သတ်​စောင့်ကြည့်ခြင်း ၂၁ ရက် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)