ဇလွန် ၈ မေ
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်သို့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အ.ထ.က(၂)မြိို့မကျောင်း စောင့်ကြည့်ရေးနေရာသို့ တရုတ်နိုင်ငံမှ နေရပ်ပြန်ခြောက်ဦး ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ထပ်မံရောက်ရှိခဲ့သည်။
ရှေးဦးစွာ တရုတ်နိုင်ငံမှ ထပ်မံ ရောက်ရှိလာသူများကို ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း မော်တော်ယာဉ် ဖြင့် ညောင်တုန်းမြို့နယ် Classic ဆိုင်ရှေ့တွင် သွားရောက် ကြိုဆိုပြီး အ.ထ.က(၂)မြို့မကျောင်း စောင့်ကြည့်ရေး နေရာသို့ ပို့ဆောင်ပေးခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံမှပြန်လာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦးတို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခဲ့သည်။ အ.ထ.က(၂)မြို့မကျောင်း စောင့်ကြည့်ရေးနေရာသို့ မေလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံမှပြန်လာသူ ၈ ဦး ယနေ့တွင် ၆ ဦး စုစုပေါင်း ၁၄ ဦးကို အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း ၂၁ ရက် ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


